သတင်းများ

နေပြည်တော်ကောင်စီနှင့် ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများအား သက်သာသောဈေးနှုန်းဖြင့် စားသောက်ကုန်များ ရောင်းချပေး
Mar 08,2024
နေပြည်တော် ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ၏ အစီအစဉ်ဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ကြက်သား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ ကုလားပဲနှင့် အခြေခံစားသောက်ကုန်တို့ကို သက်သာသောဈေးနှုန်းဖြင့် ယမန်နေ့ညနေပိုင်းတွင် နေပြည်တော်ကောင်စီရုံးဝန်း၌ ရောင်းချပေးခဲ့သည်။
စမ်းချောင်းမြို့နယ်တွင် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး
Mar 08,2024
ရန်ကုန်တိုင်းဒေသကြီး အလုံခရိုင် စမ်းချောင်းမြို့နယ်တွင် တက္ကသိုလ်၀င်စာမေးပွဲ ကျင်းပမည့် အမှတ် (၂) အ‌ခြေခံ ပညာအထက်တန်းကျောင်းတွင် ‌မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခြင်းကို မတ်လ ၆ ရက်နေ့ နံနက် (၉) နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တောင်ကြီးမြို့၌ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ကျင်းပ
Mar 08,2024
၂၀၂၄ခုနှစ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို ယနေ့နံနက်(၉)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
အလုံမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းဆောင်ရွက်
Mar 08,2024
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် မတ်လ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီက အလုံမြို့နယ် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့မှ စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တောင်ငူမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ
Mar 08,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ အသိပညာပေးဆွေးနွေးခြင်းကို မတ်လ ၆ ရက်နေ့ နံနက် (၉) နာရီအချိန်က ခပေါင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဖြူးမြို့နယ်ရှိ ဝါးပတ်ဦးထုပ်လုပ်ငန်းသည် (MSME) အသေးစားလုပ်ငန်းတစ်ခု အနေဖြင့် မိသားစုတစ်ပိုင်တစ်နိုင် ရက်လုပ်ရောင်းချမှု တွင်ကျယ်
Mar 08,2024
ပဲခူးတိုင်း​ဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ညောင်ကားယားကျေးရွာအုပ်စု၊ ညောင်ကားယားကျေးရွာရှိ (MSME) အသေးစားလုပ်ငန်း တစ်ခုဖြစ်သည့် မြန်မာ့ရိုးရာဝါးပတ်ဦးထုပ်လုပ်ငန်းသည် မိသားစု တစ်ပိုင်တစ်နိုင်အနေဖြင့် လုပ်ကိုင်ရောင်းချ ရာမှာလက်ရှိ စျေးကွက် အခြေအနေအရ တွင်ကျယ်လျက်ရှိ ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ
Mar 08,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်စပ်လျဉ်း၍ သိရှိနားလည်နိုင်စေရန်နှင့် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြုလုပ်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ် အင်းဒေါင်းကျေးရွာဓမ္မာရုံ၌ ကျင်းပသည်။
ချောက်မြို့နယ် အားကစားကွင်း၌ ​နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိ
Mar 08,2024
မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊ ချောက်မြို့၌ ​အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ လူငယ်များအား နွေရာသီ​ကျောင်းပိတ်ရက်တွင် အားကစားသင်တန်းများကို မြို့နယ်အားကစားကွင်း၌ မတ်လ ၃ ရက်နေ့က စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။