ဇီးကုန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ ၄၈၈ ဦးဖြေဆိုမည်
Mar 08,2024
၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၁၁)ရက်နေ့မှ စတင်ဖြေဆိုကျင်းပသွားမည်ဖြစ်ရာ ယခုနှစ်တက္ကသိုလ်ဝင် စာမေးပွဲကို အခြေခံပညာအထက်တန်းကျောင်း(ဇီးကုန်း)နှင့် အခြေခံပညာအထက်တန်းကျောင်း(လေးမျက်နှာ)စာစစ်ဌာနနှစ်ခုတွင် ဖြေဆိုကျင်းပသွားမည်ဖြစ်ပြီး အ.ထ.က(မြို့မ)တွင် အရံစာစစ်ဌာနထားရှိမည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၄၈၈) ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။