ဝမ်းတွင်းမြို့နယ် စာစစ်ဌာနများတွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့ ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်တို့ကို ဆက်လက်ဖြေဆိုလျက်ရှိ

ဝမ်းတွင်း  မတ် ၁၆

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခြင်းကို မတ်လ (၁၁)ရက်နေ့မှ စတင်၍ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်အတွင်းရှိ စာစစ်ဌာန များတွင်ကျင်းပလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် ရူပဗေဒ ဘာသာရပ်နှင့် သမိုင်းဘာသာရပ်ကို ကျောင်းသား/သူများမှ စိတ်အေးချမ်းသာစွာဖြင့် ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဝမ်းတွင်းမြို့နယ်အနေဖြင့် စာစစ်ဌာန(၃)ခုဖွင့်လှစ်ထားရှိပြီး ရူပဗေဒဘာသာရပ်တွင်ဖြေဆိုသူကျောင်းသား/သူ(၅၆၆)ဦး၊ သမိုင်းဘာသာရပ်တွင် ကျောင်းသား/သူ(၂၆)ဦး၊ စုစုပေါင်း(၅၉၂)ဦးက ဝင်ရောက်ဖြေဆိုလျက်ရှိပြီး မြို့နယ်ပညာရေးမှူးဦးဆောင်၍ ဆရာ ဆရာမများက အနီးကပ်ကြီးကြပ်လျက်ရှိသည်။

အဆိုပါ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြင့်သိန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက လိုအပ်သည်များကို အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ဌေးလှိုင်(ဝမ်းတွင်း)