တံတားဦးခရိုင်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပဉ္စမမြောက်နေ့ သမိုင်းဘာသာရပ်၌ ကျောင်းသား/သူပေါင်း(၄၇)ဦး နှင့် ရူပဗေဒဘာသာရပ်တွင်(၄၆၁)ဦး ဝင်ရောက်ဖြေဆို

တံတားဦး  မတ် ၁၆

တံတားဦးခရိုင်တွင် ၂၀၂၃-၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပဉ္စမမြောက်နေ့ သမိုင်းဘာသာရပ်၌ ကျောင်းသား/သူပေါင်း(၄၇)ဦးနှင့် ရူပဗေဒဘာသာရပ်တွင်(၄၆၁)ဦးတို့မှ သက်ဆိုင်ရာ စာစစ်ဌာနအသီးသီးတွင် အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း တံတားဦးခရိုင် ပညာရေးမှူးရုံးမှ သိရသည်။

တံတားဦးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ်တွင် တက္ကသိုလ်စာမေးပွဲတွင် တံတားဦး၊ စာစစ်ဌာန၌ သမိုင်းဘာသာရပ်ကို ဖြေဆိုရန်ကျောင်းသား/သူ စုစုပေါင်း(၃၆)ဦး စာရင်းပေးထားရာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၃၅)ဦး လာရောက်ဖြေဆိုကြပြီး ရာခိုင်နှုန်းအားဖြင့် (၉၇.၂၂)ရာခိုင်နှုန်းရှိပါကြောင်း၊ ငါန်းဇွန်-စာစစ်ဌာနအနေဖြင့် ဖြေဆိုရန် ကျောင်းသား/သူ စုစုပေါင်း(၁၂)ဦး စာရင်းပေးထားရာ လာရောက် ဖြေဆိုသူ စုစုပေါင်း(၁၂)ဦးဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် ရာခိုင်နှုန်းအပြည့် လာရောက်ဖြေဆိုပါကြောင်း၊ ဒါ့အပြင် ရူပဗေဒဘာသာရပ်တွင် တံတားဦးစာစစ်ဌာနတွင် ကျောင်းသား/သူ စုစုပေါင်း(၃၃၃)ဦး စာရင်းပေးထားရာ လာရောက်ဖြေဆိုသူ ကျောင်းသား/သူစုစုပေါင်း(၃၁၃)ဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် (၉၃.၉၉)ရာခိုင်နှုန်း ရှိပါကြောင်း၊ ငါန်းဇွန်စာစစ်ဌာနအနေဖြင့် ဖြေဆိုရန် ကျောင်းသား/သူ စုစုပေါင်း(၁၅၁)ဦး စာရင်းပေးထားရာ လာရောက်ဖြေဆို ကျောင်းသား/သူပေါင်း(၁၄၈)ဦးဖြစ်ရာ ရာခိုင်နှုန်းအားဖြင့်(၉၈.၁၁)ရာခိုင်နှုန်းရှိပါကြောင်း ခရိုင်ပညာရေးမှူး ဒေါ်သန်းသန်းဦးထံမှ သိရသည်။

ရဲတင့်( ပြန်/ဆက်)