တောင်သာမြို့နယ်ရှိ စာစစ်ဌာနများတွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို   ပဉ္စမနေ့ ရူပဗေဒဘာသာရပ်နှင့်သမိုင်းဘာသာရပ်များ ဆက်လက်ဖြေဆို

တောင်သာ  မတ် ၁၆

မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ်ရှိ စာစစ်ဌာနများတွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့ ရူပဗေဒဘာသာရပ်နှင့်သမိုင်းဘာသာရပ်တို့ကို ယမန်နေ့နံနက် ၉ ဆက်လက်ဖြေဆိုလျက်ရှိသည်။

တောင်သာမြို့နယ်ရှိ စာစစ်ဌာန(၄)ခုဖြစ်သည့် အ.ထ.က (တောင်သာ)၊ အ.ထ.က(ဝဲလောင်)၊ အ.ထ.က(ဇဂျမ်း)၊ အ.ထ.က (တမိုက်သာ)တို့တွင်  ရူပဗေဒဘာသာရပ် ဖြေဆိုသူ ကျောင်းသား(၁၆၅)ဦး၊ ကျောင်းသူ(၂၅၂)ဦး၊ စုစုပေါင်း ကျောင်းသား/ကျောင်းသူ(၄၁၇)ဦး သမိုင်းဘာသာရပ်ဖြေဆိုသူ ကျောင်းသား(၁၅)ဦး၊  ကျောင်းသူ(၂၈)ဦး၊ စုစုပေါင်းကျောင်းသား/ကျောင်းသူ(၄၃)ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ထိုသို့ဖြေဆိုရာတွင် ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းမြေ့စွာဖြင့် ဖြေဆိုနိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)