ထားဝယ် မတ် ၁၆
ထနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ စာစစ်ဌာန၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းသား၊ ကျောင်းသူများ ဇီဝဗေဒနှင့်ဘောဂဗေဒဘာသာရပ်အား အေးချမ်းစွာဖြေဆိုလျက်ရှိရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးသက်နိုင်၊ ထားဝယ်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသန်းသန်းဦး၊ ပညာရေးဒီဂရီကောလိပ်နှင့် ပညာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကြည်ရှု့အားပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးဝင်းနောင်က စာမေးပွဲဖြေဆိုနေစဉ်ကာလအတွင်း ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ဖြေဆို/ပျက်ကွက်သူဦးရေစာရင်းများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးသက်နိုင်က စာမေးပွဲအခန်းတာဝန်ကျကြီးကြပ်ရေးမှူးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများအား ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ စာဖြေသူနှင့် စာမေးပွဲလုပ်ငန်း အနှောင့်အယှက်မဖြစ်စေရေး ဂရုစိုက်ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ စာမေးပွဲကို စာမေးပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖြေဆိုနိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန် လိုအပ်ကြောင်း မှာကြားခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း တက္ကသိုလ်ဝင်စာမေးပွဲကို သက်ဆိုင်ရာစာစစ်ဌာန (၁၇)ခု၌ ဝင်ရောက်ဖြေဆိုသူဦးရေမှာ ဇီဝဗေဒဘာသာရပ်ဖြေဆိုသူဦးရေ ကျား (၁၂၅)ဦး၊ မ(၂၇၉)ဦး၊ စုစုပေါင်း(၄၀၄)ဦး၊ (၉၆.၈၈%) ပျက်ကွက်သူဦးရေမှာ ကျား (၄)ဦး၊ မ(၉)ဦး၊ စုစုပေါင်း (၁၃)ဦး၊ (၃.၁၂%)ရှိကြောင်းနှင့် ဘောဂဗေဒဘာသာရပ်ဖြေဆိုသူဦးရေ ကျား (၇၉၇)ဦး၊ မ(၁၂၉၂)ဦး၊ စုစုပေါင်း(၂၀၈၉)ဦး၊ (၉၄.၁၈%) ပျက်ကွက်သူဦးရေမှာကျား(၆၈)ဦး၊ မ(၆၁)ဦး၊ စုစုပေါင်း (၁၂၉)ဦး၊ (၅.၈၂%) ရှိကြောင်း သိရသည်။
အဆိုပါစာစစ်ဌာနများ၌ ဆရာ/မများ၊ ကျောင်းသား/သူများအား စာမေးပွဲအေးချမ်းစွာဖြေဆိုနိုင်ရေးနှင့် မိဘများ၏ လုံခြုံရေးအတွက် သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူများနှင့် တာဝန်သိပြည်သူများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)