ဒဂုံအရှေ့ မတ် ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁၃)ရပ်ကွက်၊ ကြေးတိုင်စု(၂)လမ်းရှိ မာဂဒီ-သာစည်ဘုန်းတော်ကြီးသင်ပညာရေး မူလတန်းလွန်ကျောင်းတွင် နွေရာသီကျောင်းပိတ်ရက်အတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန် ရည်ရွယ်၍ ဗုဒ္ဓဘာသာ ယဥ်ကျေးမှုသင်တန်းနှင့် အင်္ဂလိပ်စာသင်တန်းကို ယမန်နေ့က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းများကို ဒေါက်တာအရှင်နေမိန္ဒ (ဘဒ္ဓမ္မဇောတိကဓဇ)၊ အရှင်ပညာတိက္ခ (သင်တန်းမှူးဆရာတော်)၊ ဆရာမများအဖြစ် ဒေါ်ညိုညိုလေး၊ ဒေါ်ဆုလဲ့နန္ဒာ၊ ဒေါ်ကေသီစိုး၊ ဒေါ်နန်းထက်ရွှေရည်ကျော်၊ ဒေါ်ခင်နှင်းချစ်၊ ဒေါ်ပိုးအိဖြူတို့မှ သင်ကြားပို့ချပေးခဲ့ကြောင်း သိရ သည်၊၊
သင်တန်းကာလမှာ ၁၅.၃.၂၀၂၄ ရက်နေ့မှ ဧပြီလဆန်းပိုင်းအထိဖြစ်ပြီး သင်တန်းသား/သူ(၃၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အေးမဉ္ဇူ