ကျောက်ဆည် မတ် ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ဇော်ဂျီဆည်၊ ကင်းတားဆည်၊ မြေအောက်စက်ရေတွင်များ၏ ရေရရှိရေးနည်းလမ်းများအလိုက် နွေးစပါး၊ နွေနှမ်း၊ မိုးကြိုပဲတီစိမ်းနှင့် မိုးကြိုဝါ စုစုပေါင်း (၄၁၆၈၅) ဧက လျာထားစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
နွေသီးနှံများစိုက်ပျိုးရာတွင် နွေစပါးများကို ဇော်ဂျီဆည်ရေသောက်စနစ်မှ မင်းရဲ၊ သင်းတွဲ၊ တမုတ် မြောင်းရေများဖြင့် (၁၀၀၀)ဧက၊ မြေအောက်ရေ စက်ရေတွင်းဖြင့် (၅၃)ဧက၊ နွေနှမ်းများကို ဇော်ဂျီဆည် ရေသောက်စနစ်မှ မင်းရဲ၊ သင်းတွဲ၊ ငပြောင်၊ ဇီးတော၊ နွားတက်၊ တမုတ်၊ အထက်လင်းဇင်း မြောင်းရေများဖြင့် (၂၃၃၇၃)ဧက၊ ကင်းတားဆည်ရေသောက်စနစ်မှ သင်းဒီး၊ ထုံးကြီး၊ စမာမြောင်းရေများဖြင့် (၇၁၆၉)ဧက၊ မိုးကြိုပဲတီစိမ်းများကို ဇော်ဂျီဆည်ရေသောက်စနစ်မှ မင်းရဲ၊ သင်းတွဲ၊ ငပြောင်၊ ဇီးတော၊ နွားတက်၊ တမုတ် မြောင်းရေများဖြင့် (၈၉၀၈)ဧက၊ ကင်းတားဆည်ရေသောက်စနစ်မှ ထုံးကြီး၊ စမာမြောင်းရေများဖြင့် (၁၀၉၉)ဧက၊ မိုးကြိုဝါများကို ကင်းတားဆည်ရေသောက်စနစ်မှ သင်းဒီမြောင်းရေများဖြင့် (၈၃)ဧက၊ မြေအောက်ရေစက်ရေတွင်း(၂)ဧက စုစုပေါင်း (၄၁၆၈၇)ဧက လျာထားစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
နွေသီးနှံများ ပျိုးထောင်စိုက်ပျိုးရာမှစတင်၍ ရိတ်သိမ်းချိန်အထိ အောင်မြင်စွာစိုက်ပျိုးနိုင်ရေး မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာမှ စိုက်ပျိုးရေများကို ဖေဖော်ဝါရီလမှစ၍ မတ်လအထိ ရေပေးမြောင်းများအလိုက် အလှည်ကျစနစ်ဖြင့် ပြည့်ဝစွာပေးဝေလျက်ရှိကြောင်း သိရှိရသည်။
သက်မောင်