မောက်မယ် မတ် ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ရပ်ကွက်အတွင်းရှိ ကျောင်းသားလူငယ်များ နွေရာသီကျောင်းပိတ်ရက်အတွင်း မြို့နယ်ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပူးပေါင်း၍ ရှမ်းတိုင်းရင်းသားရိုးရာဓလေ့ထုံးတမ်းများနှင့် ရှမ်းတိုင်းရင်းသားစာပေများ မပျောက်ပျက်စေရန်ရည်ရွယ်၍ သက်ဆိုင်ရာ ရပ်ကွက်များအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် ယနေ့ နံနက် ၉ နာရီက ရပ်ကွက်အတွင်းရှိ ကျောင်းသား/သူ လူငယ်များအား နွေရာသီ ရှမ်းတိုင်းရင်းသားစာပေသင်ကြားရေးသင်တန်း စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ထိုသင်တန်းကို ဘုန်းတော်ကြီးကျောင်းရှိ သံဃာတော်များနှင့် မြို့နယ်ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းဝင်များတို့က ယနေ့မှစ၍ နေ့စဉ်နံနက် ၉ နာရီမှ ၁၁ နာရီအထိ ၂ လအတွင်း သင်ကြားပို့ချပေးမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူလူငယ်များစွာ သင်တန်းလာရောက်တက်ရောက်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံမှ သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)