လဲချား မေ ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပါသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနန်းတင့်က အမှားစကားပြောကြားပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များအား သက်ဆိုင်ရာဌာနများသို့ တာဝန်ပေးအပ်ရာတွင် လယ်ယာကဏ္ဍကြီးအတွက် မြို့နယ်မြေစာရင်းဦးစီးဌာနကလည်းကောင်း၊ စက်မှုကဏ္ဍကြီးအတွက် မြို့နယ်လျှပ်စစ် ဓာတ်အားဖြန့်ဖြူရေးလုပ်ငန်းကလည်းကောင်း၊ ဝန်ဆောင်မှုကဏ္ဍကြီးအတွက် မြန်မာ့စီးပွားရေးဘဏ်ကလည်းကောင်း၊ နိုင်ငံပိုင်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနကလည်းကာင်း၊ နိုင်ငံပိုင်ရင်းနှီးမြှပ်နှံမှုလုပ်ငန်းများအတွက် လမ်းဦးစီးဌာနကလည်းကောင်း၊ အသီးသီးလက်ခံရယူခဲ့ပါသည်။ ဆက်လက်၍ စီမံကိန်းဦးစီးဌာနရုံးမှ တာဝန်ရှိသူတစ်ဦးက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အကောင်အထည်ပေါ်ဆောင်ရွက်နိုင်ခဲ့မှုနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းလျာထားချက်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)