သတင်းများ

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ (၄/၂၀၂၅) ကြိမ်မြောက် အစည်းအဝေး ကျင်းပ
Sep 16,2025
ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၂)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
မင်းဘူးမြို့ ယစ်မျိုးလက်လီလက်ကားရောင်းချသောဆိုင်များတွင် တရားမဝင်ယစ်မျိုးများ ရောင်းချမှုမရှိစေရေး စစ်ဆေးဆောင်ရွက်
Sep 16,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဦးဆောင်သည့် စိစစ်ကြီးကြပ်ရေးအဖွဲ့က ယစ်မျိုးလက်လီလက်ကားရောင်းချသောဆိုင်များတွင် တရားမဝင်ယစ်မျိုးများ ရောင်းချမှုမရှိစေရေး စစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး၊ သဘာဝမြေဆွေးပုံပြုလုပ်ခြင်းသရုပ်ပြပွဲ၊ သွင်းအားစုဓာတ်မြေဩဇာများပေးအပ်ပွဲ အခမ်းအနား တက်ရောက်
Sep 16,2025
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည်‌ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ်၊ လေသာ-ဇီးကုန် ကျေးရွာချင်းဆက်လမ်းသို့ သွားရောက်ပြီး နေပြည်တော်အတွင်း ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေးနှင့် ရာသီဥတုမှန်ကန်စေရေးအတွက် စုပေါင်းသစ်ပင်စိုက်ပျိုး‌နေမှုကို ကြည့်ရှုအားပေးသည်။
အောင်လံမြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေ ပေးအပ်
Sep 16,2025
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ယမန်နေ့ နံနက် ၉ နာရီခွဲမှစတင်၍ မြန်မာ့စီးပွားရေးဘဏ်တွင် ထောက်ပံ့ငွေများ ထုတ်ပေးခဲ့ကြောင်း သိရသည်။
တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေး အင်းလေးဒေသအတွင်း ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းဆောင်ရွက်
Sep 16,2025
တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ကျန်းမာရေးလုပ်ငန်းစီမံချက်အရ ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန (တောင် ကြီး)၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ဆေးတက္ကသိုလ်(တောင်ကြီး)၊ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီး၊ အမျိုးသမီးနှင့်ကလေးဆေးရုံကြီးနှင့် ညောင်ရွှေမြို့နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အထူးကုကွင်းဆင်းကုသမှု အစီအစဉ်ကို စက်တင်ဘာလ (၁၄) ရက်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ ကေလာကျေးရွာ၊ ကေလာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အမရပူရမြို့နယ်ရှိရတနာပုံတက္ကသိုလ်၌ နေ့သင်တန်း စာမေးပွဲများကျင်းပ
Sep 15,2025
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန အမရပူရမြို့နယ်ရှိ ရတနာပုံတက္ကသိုလ်၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် နေ့သင်တန်း သင်တန်းနှစ်အသီးသီး၏ (ဒုတိယနှစ်ဝက်)နှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် စတုတ္ထနှစ် (၂၀၂၀ ပြည့်နှစ်အောင်)၊ ဒုတိယနှစ်ဂုဏ်ထူးတန်းသင်တန်း၊ ဒုတိယနှစ်မဟာသင်တန်း(ဥပဒေပညာ)၊ ပထမနှစ် စာကြည့်တိုက်နှင့်သုတညာ ဘွဲ့လွန်ဒီပလိုမာ (ပထမနှစ်ဝက်) နေ့သင်တန်း စာမေးပွဲများကို စက်တင်ဘာ ၁၅ ရက်တွင် စတင်ကျင်းပလျက်ရှိရာ ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ၊ ဒုတိယပါမောက္ခချုပ်များ၊ တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
မလှိုင်မြို့နယ်တွင်အီလက်ထရောနစ်မဲပေးစက်(MEVM)အသိပညာပေးခြင်းနှင့်လက်တွေ့စမ်းသပ်မဲပေးခြင်းသရုပ်ပြ
Sep 15,2025
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၁၀)နာရီက ၂၀၂၅ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် လွယ်ကူ အဆင်ပြေစွာအသုံးပြုနိုင်ရေးအတွက် အီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း သရုပ်ပြပွဲကျင်းပသည်။
မြဝတီမြို့တွင် အီလက်ထရောနစ် မဲပေးစက်(MEVEM) ကိုင်တွယ် အသုံးပြုနည်းဆင့်ပွားသင်တန်းဖွင့်လှစ်
Sep 15,2025
ကရင်ပြည်နယ်၊ မြဝတီခရိုင် / မြိုနယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVE)ဆိုင်ရာ အသိပညာပေးဟောပြောပွဲ၊ စမ်းသပ်မဲပေးခြင်းနှင့် မဲပေးစက်ကိုင်တွယ် အသုံးပြုနည်း ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၁၂ ရက်က  မြဝတီမြို့နယ် ပူလွဲပူကျေးရွာအုပ်စု(ရွှေကုက္ကိုလ်) အခြေခံပညာအထက်တန်းကျောင်း ခန်းမဆောင်၌ကျင်းပသည်။