မိုင်းခုတ်မြို့တွင် နယ်လှည့်စာကြည့်တိုက်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်း​ပေး

မိုင်းခုတ် မေ ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည်​ ယနေ့နံနက် ၁၀နာရီက နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို မိုင်းခုတ်မြို့ အမှတ်(၂)ရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ နယ်လှည့်စာကြည့်တိုက်အား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းခုတ်မြို့ရုံးမှဝန်ထမ်းများက သုတ၊ရသအစရှိသည့် စာအုပ်စာစောင်များအား စုံလင်စွာသယ်ဆောင်၍ မိုင်းခုတ်မြို့​ အ​မှတ်(၂)ရပ်ကွက်ရှိ စာဖတ်ပရိတ်သတ်များထံသို့ လက်ဝယ်အရောက် အခမဲ့ငှားရမ်းပေးခြင်း၊ အသစ်ထပ်မံ​ရောက်ရှိသည့် သုတ၊ရသစာအုပ်စာ​စောင်များအား လဲလှယ်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေးရခြင်း၏ရည်ရွယ်ချက်မှာ အများပြည်သူများစာပေဗဟုသုတရရှိစေရန်၊ အသစ်ထပ်မံရောက်ရှိသည့် စာအုပ်စာစောင်များအား အချိန်နှင့်တပြေးညီဖတ်ရှုနိုင်စေရန်နှင့် စာကြည့်တိုက်သို့လာရောက်၍ စာပေဖတ်ရှုခြင်းမပြုနိုင်သော စာဖတ်ပရိတ်သတ်များအတွက် အဆင်ပြေလွယ်ကူစွာဖတ်ရှုနိုင်စေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ခင်သန္တာအောင်မိုင်းခုတ်မြို့(ပြန်/ဆက်)