သတင်းများ

ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ပြိုင်ပွဲများ ကျင်းပ
Mar 19,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ပြိုင်ပွဲများကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
ပန်းတနော်မြို့နယ် ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ရွှေမြင်တင်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကြီးတွင် အားကစားပြိုင်ပွဲများ ကျင်းပ
Mar 19,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ရွှေမြင်တင် စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကြီးတွင် အားကစားပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိသည်။
စေတုတ္တရာမြို့နယ် ရပ်ကွက်/ကျေးရွာများအတွင်းရှိ အသက် ၈၅ နှစ်အထက်ရှိ အဘိုး၊ အဘွား(၂၂၃)ဦးအတွက် လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်
Mar 19,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် အသက် ၈၅ နှစ်အထက်ရှိ ဘိုးဘွား(၂၂၃)ဦးအတွက် လူမှုရေးပင်စင်များ ထောက်ပံ့ခြင်းကို မြို့နယ်၌ ရပ်ကွက်၊ ကျေးရွာများအတွင်းရှိ အဘိုး၊ အဘွားများ၏ လက်ဝယ်အိမ်တိုင်ရာရောက် ယနေ့နံနက်ပိုင်း(၉)နာရီအချိန်က သွားရောက်ထောက်ပံ့ကြောင်း သိရသည်။
ကျိုက်လတ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Mar 19,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ပန်းခင်းစီမံချက် ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယနေ့နံနက်ပိုင်းက အိမ်ယာကြီးကျေးရွာအုပ်စုသို့ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူငယ်ရေးရာ အားကစားပြိုင်ပွဲကျင်းပ
Mar 19,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူငယ်ရေးရာ အားကစားပြိုင်ပွဲအား ယနေ့ မွန်လွဲပိုင်းအချိန်က ကျင်းပခဲ့သည်။
ပေါက်ခေါင်းမြို့၌ (၇၉) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 19,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊‌ ပေါက်ခေါင်းမြို့နယ်၌ ဒေသခံများနှင့် ခရီးသွားပြည်သူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့်ဝန်ထမ်းများက (၇၉) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ်၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးနှင့် အသားငါးစျေးနှုန်း မြှင့်တင်ရောင်ချမှုမရှိစေရေး တာဝန်ရှိသူများမှ ကြာဖက်၊ ငှက်ပျောဖက်များဖြန့်ဝေခြင်းနှင့် အသိပညာပေး ကွင်းဆင်းစစ်ဆေး
Mar 19,2024
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် မြို့မစည်ပင်သာယာစျေးကြီး အတွင်းအပြင် ရောင်းချလျက်ရှိသည့် စျေးသည်/စျေးဝယ်သူများ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းသက်သာစေရေး ပလတ်စတစ်သုံးစွဲမှု လျော့နည်းသက်သာစေရန်နှင့် အသားငါးစျေးနှုန်း မြှင့်တင်ရောင်းချမှုမရှိစေရေးအတွက် တာဝန်ရှိသူများက ယနေ့နံနက်(၈)နာရီ ၃၀အချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
(၁၆)ပါးမြောက် တိပိဋကဓရ၊ တိပိဋကကောဝိဒ ဆရာတော်အား ပူဇော်ဂုဏ်ပြုပွဲ ကျုံပျော်မြို့တွင် ကျင်းပ
Mar 19,2024
(၁၆)ပါးမြောက် တိပိဋကဓရ၊ တိပိဋကကောဝိဒ မြင်းမူဆရာတော် ဘဒ္ဒန္တပညာသီရိလင်္ကာရ ဆရာတော်အား ပူဇော်ဂုဏ်ပြုပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့၊ မြတ်ချမ်းသာဘုရားကြီး တန်ဆောင်းအတွင်း၌ ယမန်နေ့ ညနေ ၄ နာရီက ကျင်းပ ပြုလုပ်သည်။