သတင်းများ

ဒေးဒရဲမြို့၌ အစိုးရပါဠိပထမ​ပြန်စာမေးပွဲကြီး အောင်မြင်စွာ ကျင်းပပြီးစီးရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ
Mar 19,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် သာသနာတော် တည်တံ့ပြန့်ပွားရေးနှင့် စာမေးပွဲကြီးမှတစ်ဆင့် သာသနာ့အာဇာနည် အရှင်မြတ်များ ပေါ်ထွန်းလာပြီး သာသနာတော် အကျိုးကို သယ်ပိုးထမ်းရွက်သွားနိုင်စေရန် ရည်ရွယ်၍ အစိုးရပါဠိပထမပြန်စာမေးပွဲကြီး အောင်မြင်စွာကျင်းပပြီးစီးရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၃)နာရီက မင်္ဂလာကံကျောင်းတိုက်ရှိ ထေရဝါသကျောင်းဆောင်တွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ် အတွင်းရှိ သြဝါဒဆရာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဘာသာရေးနှင့် လူမှုရေးအသင်းများက တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကွန်ဟိန်းမြို့ (Community Centre)ခန်းမ၌ ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ
Mar 19,2024
ကလေးငယ်များဖွံ့ဖြိုးတိုးတက်ရေး၊ ဉာဏ်ရည်ဉာဏ်သွေး၊ အတွေးအခေါ်အယူအဆများ ထက်မြတ်လာစေပြီး ကလေးများ တီထွင်ဖန်တီးလိုစိတ် မြင့်မားလာစေရေးအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ယနေ့ နံနက်  ၁၀ နာရီက ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲများ ကျင်းပ
Mar 19,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ် မောင်းမကန်ကျေးရွာ ဓမ္မာရုံ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာဆွေးနွေးပွဲများကို ယမန်နေ့  နေ့လယ် ၁ နာရီတွင် ကွင်းဆင်း၍ ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်
Mar 19,2024
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို မတ်လ ၁၇ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ဘားအံမြို့၊ လှာကမြင်ကွက်သစ်၊ ဇွဲကပင်အားကစားကွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။
ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်
Mar 19,2024
ထားဝယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများအားလုံးစဉ်းစား တွေးခေါ်တတ်သော အရည်အသွေးတိုးတက်စေရေးအတွက် စာရေးဆရာဗန်းမော်တင်အောင်ရေးသားထားသော အညတြစာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။
ကရသူရိမြို့၌ နွေရာသီကျောင်းပိတ်ရက် ကလေးများအကြိုက်ပြိုင်ပွဲများကျင်းပ
Mar 19,2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ နွေရာသီကျောင်းပိတ်ရက် ကလေးများအကြိုက်ပြိုင်ပွဲများကျင်းပခြင်းကို ယမန်နေ့နံနက် ၁၀နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
မတ္တရာမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကျင်းပ
Mar 19,2024
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို  ယမန်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် အခြေခံကွန်ပျူတာသင်တန်း(၁/၂၀၂၄) ဖွင့်လှစ် သင်ကြားပေး
Mar 19,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ နွေရာသီကျောင်းပိတ်ရက်တွင် ကလေးများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အခြေခံကွန်ပျူတာပညာကို နားလည်တတ်မြောက်စေရန် ရည်ရွယ်၍ ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကွန်ပျူတာတက္ကသိုလ်(ဘားအံ)တို့ပူးပေါင်း၍ နွေရာသီအခြေခံပန်းချီသင်တန်း (၁/၂၀၂၄)ကို  ယမန်နေ့နံနက်ပိုင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။