တိုက်ကြီး မတ် ၂၀
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မူဖြင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် အဆင့်မြင့်စက်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ် သဲဖြူကျေးရွာအုပ်စု ကျောင်းစုကျေးရွာရှိ အသင်းတော်ခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
ဦးစွာ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမြဝင်းက အမှာစကား ပြောကြားပြီး ကရင်စာပေနှင့် ယဥ်ကျေးမှုအသင်းဥက္ကဋ္ဌက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့်အဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး အဆင့်မြင့်စက်ချုပ်သင်တန်းတွင် သင်တန်းသားဦးရေ (၂၀) ဦးတက်ရောက်ပြီး သင်တန်းကာလမှာ (၂၅) ရက်ကြာမြင့်မည်ဖြစ်ပြီး လူမှုဝန်ထမ်းဦးစီးဌာန သင်တန်းနည်းပြများက သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
စန်းကလျာခိုင်(ပြန်/ဆက်)