ရေကြည်မြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြပွဲကျင်းပ

ရေကြည်  မတ် ၂၀     

ယခုအခါနွေရာသီရောက်ရှိလာပြီ ဖြစ်သည့်အတွက်မီးဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများကိုအရှိန် အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာယနေ့နံနက် (၁၀)နာရီအချိန်က ရေကြည်မြို့နယ်ရှိဌာန ဆိုင်ရာကျေးလက်ဖွံဖြိုးတက်ရေး ဦးစီးဌာနရုံးတွင်မီးဘေး ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါအသိပညာဟောပြောပွဲတွင်၊ ရေကြည်မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိဦးစိုးနိုင်က မီးဘေးအန္တရာယ် ပေါ်ပေါက်လာပါက အရေးပေါ်အသုံးပြုနိုင်ရန် မီးသတ် ဆေးဗူးအသုံးပြုပုံ၊ မီးချိပ်၊ မီးကပ်၊ ရေပုံးများ၊ သဲအိတ်များ ထားရှိရေးနှင့် မီးဘေးအန္တရာယ် အထူးဂရုပြုလိုက် နာဆောင်ရွက်သွားရေး အသိပညာပေးဟောပြောခဲ့သည်။ ထိုနောက် ဌာနဆိုင်ရာရုံးများတွင် အများဆုံး ဖြစ်ပွားတတ်သည့် လျှပ်စစ်ဝါယာကြိုးမှတစ်ဆင့် မီးလောင်မှုများမဖြစ်ပေါ်စေရေး၊ မီးသတ်ဆေးဗူးများ ထားရှိစေရေးတို့ကိုလည်းတာဝန်ခံဦးကျော်ကျော်ဝင်းမှ ပြောကြားခဲ့သည်။

ဆက်လက်၍မီးဘေး အန္တရာယ် ဖြစ်ပေါ်လာပါက  အမြန်ဆုံးမီးငြှိမ်းသတ်ခြင်း၊ မီးသတ်ဆေးဗူး အသုံးပြု၍ ငြှိမ်းသတ်နည်းများကို မီးသတ်တပ်ဖွဲ့ဝင်များက လက်တွေ့သရုပ်ပြခဲ့ပြီး အသိပညာပေးလက်ကမ်း စာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)