သုံးခွမြို့နယ် အ.ထ.က (၁) ကျောင်းခန်းမတွင် ကျောင်းကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့်သင်တန်း/ဆွေး‌နွေးပွဲကျင်းပ

သုံးခွ မတ် ၂၀

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် ကျောင်းကျန်းမာရေး စစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့်သင်တန်း/ဆွေးနွေးပွဲကို အ.ထ.က(၁)ကျောင်း အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်းသိရသည်။

ဦးစွာ မြို့နယ်ပညာရေးမှူးဒေါ်ဆန်းဆန်းဌေးက အမှာစကားပြောကြားရာတွင် ကျောင်းကျန်းမာရေးစစ်ဆေးချိန်တွင် ကျောင်းသား ကျောင်းသူ တစ်ဦးချင်းအတွက် စစ်ဆေးတွေ့ရှိချက်များကို စနစ်တကျမှတ်တမ်းတင်ထားနိုင်ရန်၊ ကျောင်းသား မိဘများ/အုပ်ထိန်းသူများနှင့် ဆရာ/ဆရာမတို့က မိမိကျောင်းရှိ ကျောင်းသား /သူကလေးများတွင် အဖြစ်များသောရောဂါ ကျန်းမာရေးပြဿနာများကို ဖော်ထုတ်သိရှိနိုင်စေရန်၊ ကျောင်းကျန်းမာရေးဆိုင်ရာလုပ်ငန်းရပ်များကို မိဘများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်စေရန် စသည်ဖြင့်ပြောကြားခဲ့သည်။

ဆက်လက်၍ ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးဆရာမ ၄ ဦးတို့က စာသင်ခန်း ၄ ခန်းတွင် ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုခြင်းလုပ်ငန်းများနှင့် ကျောင်းကျန်းမာရေးလုပ်ငန်းစဥ် (၉) ရပ်တို့ကို (အထက်တန်း၊ အလယ်တန်း၊ မူလတန်း) ကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဆရာဆရာမ (၃၀၈) ဦးတို့အား သင်တန်းပို့ချ ဆွေးနွေးခဲ့ကြောင်း သိရသည်။

စည်သူလင်း