စမ်းချောင်းမြို့နယ်တွင် ရက် (၁၀၀) စီမံချက်ဖြင့် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရန် ခြင်ဆေးမှုတ်ခြင်း၊ အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများဆောင်ရွက်

စမ်းချောင်း မေ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင် ရက် (၁၀၀) စီမံချက်ဖြင့် ခြင်ဆေးမှုတ်ခြင်း အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများကို မေ ၁၃ ရက်နေ့က စမ်းချောင်း (မြောက်) ရပ်ကွက်တွင် ဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးသန့်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမြင့်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဘဝင်း၊ မြို့နယ်ရဲတပ်ဖွဲမှ မြို့နယ်ရဲမှူးဝင်းနိူင်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဒေါ်မိမိခိုင်၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်မိုး ၊ မိခင်နှင့်ကလေး‌စောင့်ရှေက်ရေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကြက်ခြေနီအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စမ်းချောင်း (မြောက်) ရပ်ကွက် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်းတွင် သွေးလွန်တုပ်ကွေးကြိုတင်ကာကွယ်ရန်နှင့် မဖြစ်ပွါးစေရန်အတွက် ခြင်ဆေးမှုတ်ခြင်း၊ ရေကန်များအား အဘိတ်ဆေးခတ်ခြင်းများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖြူသွယ်ထွန်း (ပြန်/ဆက်)