ညောင်ရွှေ မတ် ၂၇
အခြေခံပညာကျောင်းများရှိ ဘာသာပြဆရာ/ဆရာမများ ဘာသာရပ်အလိုက် သင်ကြားမှုစွမ်းရည်နှင့် သင်ကြားမှုနည်စနစ်များ ပိုမိုကျွမ်းကျင်လာစေရန်၊ သင်ကြားမှုလုပ်ငန်းများ စစ်ဆေးအကဲဖြတ် တတ်စေရန်၊ သတ်မှတ်ထားသည့် စံညွှန်းကိန်းများကို တတ်ကျွမ်းနားလည်တတ်စေရန် ရည်ရွယ်၍ ညောင်ရွှေမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းနှင့် အလယ်တန်းသင်ဘာသာပြ ဆရာ/ ဆရာမ များအား ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံ သင်တန်းဆွေးနွေးပွဲကို ရှမ်းပြည်နယ်၊ ညောင်ရွှေ၌ ဖွင့်လှစ် ပို့ချလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဘာသာရပ်စွမ်းရည်မြှင့်သင်တန်း ဆွေးနွေးပွဲအား မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းအသီးသီးမှ အလယ်တန်းအဆင့် သင်တန်းသားဆရာ/ဆရာမ(၄၀၄)ဦးနှင့် သင်တန်းနည်းပြ (၂၈)ဦး၊ အလယ်တန်းအဆင့် သင်တန်းသားဆရာ/ဆရာမ (၁၁၁၆)ဦးနှင့် သင်တန်းနည်းပြ (၇၄)ဦး တို့ဖြင့်ဆောင်ရွက်လျက်ရှိပြီး သင်တန်းများကို ညောင်ရွှေမြို့ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၃)အခြေခံပညာအထက်တန်း ကျောင်းတို့တွင် အသီးသီးဖွင့်လှစ်ပို့ချလျက်ရှိကြောင်းနှင့် သင်တန်းကာလမှာ (၂၅.၃.၂၀၂၄)ရက်နေ့ မှ (၃၀.၃.၂၀၂၄)ရက်နေ့အထိ ဖြစ်ကြောင်း သိရသည်။
စိုင်းအယ်ဘဲ(ပြန်/ဆက်)