ခန္တီး မတ်၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ ခန္တီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ဝန်ထမ်းတိုင်း ပြီးပြည့်စုံသည့် ရုံးစာတစ် စောင်ရေးသားတတ်စေရန်နှင့် ရုံးလုပ်ငန်းများနှင့်ပတ်သက်၍ ပိုမိုသိရှိနားလည်လာပြီး ဌာနလုပ်ငန်း များဆောင်ရွက်ရာတွင် လွယ်လင့်တကူဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ရုံးစာရေးသားနည်း သင်တန်းကို ယမန်နေ့နံနက် (၉)နာရီအချိန်မှစ၍ သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။
ရှေးဉီးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ ခရိုင်ဉီးစီးမှူး ဒေါ်နန်းအေးခိုင်က သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ရုံးစာရေးရာတွင် လိုက်နာရမည့် စည်းမျည်းစည်းကမ်းများနှင့်ပတ်သက်၍ လည်းကောင်း၊ စာအထားအသို အသုံးနှုန်းများနှင့် ပတ်သက်၍လည်းကောင်း၊ စီမံချက်ရေးဆွဲနည်းများနှင့် ပတ်သက်၍လည်းကောင်း၊ ရုံး၏ ဝင်စာ/ထွက်စာ အရေး ယူဆောင်ရွက်ခြင်းများနှင့်ပတ်သက်၍ လည်းကောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားပြီ စာတွေ့/လက်တွေ့ သင်ကြားပို့ချလျက်ရှိသည်။
အဆိုပါ သင်တန်းသို့ ခန္တီးခရိုင်ရုံးမှ ဝန်ထမ်း(၈)ဉီး တက်ရောက်သင်ကြားလျက်ရှိပြီး မတ်လ (၂၅) ရက်နေ့နှင့်(၂၆)ရက်နေ့ (၂)ရက်တာ သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)