မင်္ဂလာ‌တောင်ညွန့်မြို့နယ်၌ (၇၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

မင်္ဂလာတောင်ညွန့်   မတ် ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ( ၇၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့နေ့လယ် ၁ နာရီအချိန်က ပြည်သူများလက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါသတင်းစကားလက်ကမ်းစာစောင်တွင်( ၇၉)နှစ်မြောက်တပ်မတော်နေ့ဦးတည်ချက်များ၊အမျိုးသား အကျိုးစီးပွားအတွက် ထမ်းဆောင် ဆောင်းပါး၊ ဆက်၍ ချီပါတပ်မတော်ကဗျာ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်၏( ၇၈) နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ ပြောကြားခဲ့သည့် မိန့်ခွန်းမှကောက်နုတ်ချက်၊ ပြည်သူ့စစ်မှုထမ်းဥပဒေ အကြောင်းသိကောင်းစရာ၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဉ်း၍စုံစမ်းမေးမြန်းနိုင်သည့် ဆက်သွယ်ရမည့်ဖုန်းနံပါတ်များပါရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)