ကွမ်းခြံကုန်းမြို့နယ်၌ တိုင်းရင်းဆေးဝါးအရောင်းဆိုင်များတွင် စျေးကွက်စစ်တမ်းကောက်ယူ စစ်ဆေးခြင်းများ ဆောင်ရွက်

ကွမ်းခြံကုန်း ဧပြီ ၆

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ တိုင်းရင်းဆေးဝါးအရောင်းဆေးဆိုင်များအား ၄-၄-၂၀၂၄ ရက်နေ့က စျေးကွက်စစ်တမ်းကောက်ယူစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စစ်ဆေးရာတွင် ဒိဌအမှတ်တံဆိပ် ဆီးချိုရောဂါသောက်ဆေးအမှတ်(၁)၊ ဆီးချိုရောဂါသောက်ဆေးအမှတ်(၂)၊ ဆေးဝါ(၂)မျိုးအား ကွမ်းခြံကုန်းမြို့နယ် အတွင်းရှိ ဆေးဆိုင်များတွင် ရောင်းချမှုရှိ/ မရှိ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ၊ ရောင်းချမှုမရှိကြောင်း သိရသည်။

အဆိုပါ စစ်ဆေးမှုများကို ကွမ်းခြံကုန်းမြို့နယ် တိုင်းရင်းဆေးဦးစီးဌာန၊ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်အေးမြတ်စိုး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်း၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆွေနွယ်(ပြန်/ဆက်)