တွံတေး ဧပြီ ၆
ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်တွင် ၁၃၈၅ ခုနှစ်မဟာသင်္ကြန်ကာလတွင် တွံတေးမြို့ အိုးဘိုအရှေ့ရပ်ကွက် ရေလယ်(၁)လမ်း ရတနာသီရိစာသင်တိုက်ရှိ မြတ်စွာဘုရားကျောင်းတော်ကြီး၌ ပြုလုပ်သော နိဗ္ဗာန်ဝင်လမ်း(၇)ရက် "နေ့" အထူးတရားစခန်းကိုဧပြီလ (၁၁)ရက်နေ့ နံနက် ၇ နာရီတွင် စတင်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
တွံတေးမြို့၊ ရတနာသီရိစာသင်တိုက် မြတ်စွာဘုရားကျောင်းတော်ကြီး၌ နိဗ္ဗာန်ဝင်လမ်း(၇) ရက်နေ့ အထူးတရားစခန်းပွဲကို ကျေးဇူးရှင်အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဥပနိဿယအတိုင်း ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ရွှေသရက်မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာကြီး၏ ဦးစီးပဓာန နာယက မိုးကုတ်ဝိပဿနာ ကမ္မဌါနစရိယသာသနာပြု နယ်လှည့်ဓမ္မကထိက အရှင်ဝိလာသဆရာတော်မှ ပဋိစ္စသမုပ္ပါဒ်ဒိဋ္ဌိပြုတ်သစ္စာလေးပါး တရားတော်များကို ဟောကြားပြသမည် ဖြစ်ပါသောကြောင့် မဟာသင်္ကြန်ကာလ နေ့အထူးတရားစခန်းပွဲကို ဧပြီ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့ အထိနံနက် ၇ နာရီမှည ၈ နာရီအထိ ပြုလုပ်သွားမည်ဖြစ်သောကြောင့် နေ့အထူးတရားစခန်းဝင်လိုသော တရားချစ်ခင် သူတော်စင်အပေါင်းတို့ လာရောက်တရားစခန်းဝင်နိုင်ကြောင်း သိရှိရသည်။
တွံတေးသား