ရွှေတောင် ဧပြီ ၅
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်၊ မယားမာန်ကျေးရွာအုပ်စု၊ စိုက်ပျိုးရေး ဆိုင်ရာ လူထုအခြေပြုလေ့ကျင့်မှုစခန်း (CLC) တွင် ယမန်နေ့ နေ့လယ်ပိုင်းက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာအသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်က စစ်မှုထမ်းဥပဒေကြောင့် ပြည်သူများစိုးရိမ်လျက်ရှိသော ကောလာဟလများနှင့်ပတ်သက်၍ ယုံကြည်လွဲမှားမှုများ မဖြစ်ပေါ်စေရေး စသည်များကို ရှင်းလင်းပြောကြားပြီး ပြည်သူ့စစ်မှုထမ်းဆောင်ရမည့် အသက်အပိုင်းအခြားနှင့် ထမ်းဆောင် ရမည့် ကာလများ၊ စစ်မှုထမ်းခြင်းအတွက် ယာယီကင်းလွတ်ခွင့်ရှိသူများနှင့် ဆင့်ခေါ်စာ ရရှိပါက ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ ပြစ်မှုပြစ်ဒဏ်နှင့် ပြည်သူ့စစ်မှုထမ်းဥပဒေ ဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသည့် ဒေသခံပြည်သူများမှ သိလိုသည်များအား မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ရှင်းလင်းဖြေကြားခဲ့ကြသည်။
ထို့နောက်မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့၊ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြ ကြောင်း သိရသည်။
ကိုကိုမင်း ( ပြန် / ဆက်)