သင်္ဃန်းကျွန်း ဧပြီ ၅
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင် Community Centre ခန်းမ၌ ယမန်နေ့ နေ့လယ်၁:၀၀နာရီအချိန်က ပြည်သူများစာပေဖတ်ရှုသည့် အလေ့အထများရရှိစေရန်၊ အစုအဖွဲ့နှင့် အပြန်အလှန် ဆွေးနွေးတတ်စေရန်၊ စာပေမှအသိပညာ ဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ ဒူဘိုင်းသို့ မိုင်ပေါင်းများစွာ စာအုပ်ဖြင့် ရေးသူ ဖတ်သူ စာပေဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် စာရေးဆရာမသဉ္ဇာလှိုင် (လားရှိုး) က ဒူဘိုင်းသို့မိုင် ပေါင်းများစွာစာအုပ် ကို မိမိကြုံတွေ့ခဲ့ရသည့်အခက်အခဲများ၊ အတွေ့အကြုံများ အပေါ်အခြေခံ၍ ဇာတ်အိမ်များကို ဖွဲ့နွဲ့ရေးသားထားကြောင်း၊ ဆွေးနွေးပွဲသို့တက်ရောက်လာသည့် စာပေချစ်သူများအနေဖြင့် မိမိဆွေးနွေးချက်များအား မိမိပတ်ဝန်းကျင်မှ မိတ်ဆွေများအား ပြန်လည်မျှဝေပေးကြရန် ဆွေးနွေးပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်က ဒူဘိုင်းနိုင်ငံသို့သွားမည်ဆိုပါက ကြိုတင်ပြင်ဆင်ထားရမည့်အချက်များ၊ ရောက်ရှိပါက ကြုံတွေ့နိုင်သည့်အခက်အခဲများနှင့် စာရေးဆရာ မောင်ယဉ်ဝေ (ဥက္ကလာ) က စာအုပ်ပါ ဆွေးနွေးချက်များအားဝေဖန် အကြံပြုဆွေးနွေး မေးမြန်းခဲ့သည်။
ထိုနောက် တက်ရောက်လာသည့်စာပေချစ်သူများက မိမိတို့သိလိုသည်များကို အပြန်အလှန်ဆွေးနွေးမေးမြန်းခဲ့ကြပြီး စာရေးဆရာမသဉ္ဇာလှိုင် (လားရှိုး) ကပြန်လည်ဆွေးနွေးဖြေကြားခဲ့သည်။ အဆိုပါအသိပညာပေးဆွေးနွေးပွဲများကို ရန်ကုန်အရှေ့ပိုင်းခရိုင် Community Centreခန်းမ၌ လစဉ်ရိုက်ကူး၍ Online များမှ တစ်ဆင့် ထုတ်လွှင့်၍ ပြည်သူများ၀န်ဆောင်မှုပေးလျက်ရှိကြောင်း သတင်းသိရှိရသည်။
သိန်းအောင်