အုတ်တွင်းမြို့ပေါ်ရပ်ကွက်အတွင်းသို့ နယ်လှည့်စာကြည့်တိုက်အသိပညာပေးကွင်းဆင်း

အုတ်တွင်း ဧပြီ ၅

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ယမန်နေ့မွန်းလွဲပိုင်းက ကြက်သွန်ခင်း(၁)ရပ်ကွက်အတွင်းသို့ နယ်လှည့်စာကြည့်တိုက် အသိပညာပေးကွင်းဆင်းဆောင်ရွက်သည်။

ထိုသို့ နယ်လှည့်ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မူမူဝင်းက ‌စာအုပ်စာပေဖတ်ရှုခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများကို ရပ်ကွက်နေပြည်သူများနှင့် ကလေးသူငယ်များအား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခင်ခင်မာက ကလေးသူငယ်များ ကိုယ်ကာယ ဥာဏစွမ်းရည်များဖွံ့ဖြိုးစေရေး၊ အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်စေရေး၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုများရရှိစေရေးနှင့် စာဖတ်သည့်အ‌လေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် ရုပ်ပုံစာအုပ်၊ စက္ကူပြဇာတ်များဖြင့် ပုံပြင်ပြောခြင်းကို လစဥ်နယ်လှည့်ကွင်းဆင်း၍ အသိပညာပေးပြောကြားခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)