မိုင်းယု ဧပြီ ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားစွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးလောထွေးက မဟာသင်္ကြန်ပွဲတော်ကျင်းပရာ၌ ဌာနဆိုင်ရာများပါဝင်သည့် ကော်မတီများအလိုက် လုပ်ငန်းများဆောင်ရွက်မည့်အစီအမံများ၊ သက်ကြီးပူဇော်ပွဲအတွက် ဘိုးဘွားတစ်ဦးလျှင် ကျပ်သုံးသောင်းနှုန်းဖြင့် ပူဇော်ကန်တော့နိုင်ရေးညှိနှိုင်းခြင်း၊ မြို့မရပ်ကွက်၊ မိုင်းလွေ၊ တာကြန့်နှင့် ဒွန်းနွဲ့အုပ်စုအတွင်းမှ သက်ကြီးဘိုးဘွားဦးရေ ၅၀ ဦးကျော်ရှိမည်ဖြစ်ကြောင်း၊ ရပ်ကွက်/ကျေးရွာအုပ်စုအတွင်းမှ သင်္ကြန်မယ်အကအလှများဖြင့် တင်ဆက်ဖျော်ဖြေမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။
ထို့နောက် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အတွက် ရေကစားမဏ္ဍပ်နှင့် မြို့မဟာသင်္ကြန်မဏ္ဍပ် တည်ဆောက်မည့်နေရာအား မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
အားချာ