ပုသိမ်ကြီးမြို့နယ်တွင် အင်ဂျင်ပါဝါသုံး (၆)တန်းသွား လက်ဆွဲကောက်စိုက်စက်ဖြင့် နွေစပါး စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကျင်းပ

ပုသိမ်ကြီး ဧပြီ ၄

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပုသိမ်ကြီးမြို့နယ်၊ စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ အင်ဂျင်ပါဝါသုံး (၆)တန်းသွား လက်ဆွဲကောက်စိုက်စက်ဖြင့် နွေစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၈ နာရီက နန္ဒာတောင် ကျေးရွာ၊ ကွင်းအမှတ် (၄၅၀)၊ ဦးပိုင်အမှတ် (၉၆)၊ တောင်သူဦးကျော်မိုး၏ လယ်မြေ၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး၊ စက်မှုလယ်ယာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဆန်းအောင်၊ မြန်မာ့လယ်ယာသုံး စက်ကိရိယာစက်ရုံ၊ အင်းကုန်းစက်ရုံ ညွှန်ကြားရေးမှူး ဦးမျိုးလွင်ဦး၊ လယ်ယာသုံးစက်ကိရိယာ အရည်အသွေး စစ်ဆေးရေးဌာန ညွှန်ကြားရေးမှူး ဦးလှမိုးအောင်၊ ခရိုင်၊ မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှု ကော်မတီဝင်များ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ပြီး၊ အဆိုပါလက်ဆွဲ ကောက်စိုက်စက်အား လက်တွေ့မောင်းနှင် စိုက်ပျိုးနေမှုများတွင် ဒေသခံတောင်သူများ ကိုယ်တိုင်လက်တွေ့ဝင်ရောက် စမ်းသပ်စိုက်ပျိုးခြင်းများ ဆောင်ရွက် ခဲ့ကြသည်

အင်ဂျင်ပါဝါသုံး (၆)တန်းသွား လက်ဆွဲကောက်စိုက်စက်သည် စိုက်ပျိုးတန်းကြား အကွာအဝေး ၂၃၀ မီလီမီတာ၊ ပင်ကြား အကွာအဝေး ၁၀၀- ၁၈၀ မီလီမီတာ၊ တစ်ဧကပြီးစီးရန် ကြာချိန် ၁နာရီ ၄၅ မိနစ်မှ ၂နာရီခန့်၊ အသုံးပြုအင်ဂျင်မြင်းကောင်ရေ 2.Hp၊ အလေးချိန် ၆၅ ကီလိုဂရမ်သာရှိပြီး တက်ရောက်လာသည့် တောင်သူများ စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)