ဘုတ်ပြင်း ဧပြီ ၄
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် မြန်မာသက္ကရာဇ် ၂၃၈၅ ခုနှစ်၊ ခရစ်နှစ် ၂၀၂၄ ခုနှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၀) နာရီအချိန်က ဘုတ်ပြင်းခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ သပြေခန်းမ၌ ယနေ့နံနက်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဘုတ်ပြင်းခရိုင် မဟာသင်္ကြန်ရေသဘင်ပွဲတော်ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းဌေးက မြန်မာရိုးရာသင်္ကြန်ပွဲကို နှစ်စဉ်နှစ်တိုင်း ကျင်းပဆောင်ရွက်လျက်ရှိရာ ယခုနှစ်မှာတော့ ဘုတ်ပြင်းခရိုင်အနေဖြင့် သင်္ကြန်ပွဲတော်အား စည်ကား ပျော်ရွှင်စွာ ကျင်းပဆောင် ရွက်သွားမှာဖြစ်ပြီး တက်ရောက်လာကြသည့် ကော်မတီဝင်များက မိမိတို့ သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့်ပြီးစီးမှုအခြေအနေများကို တင်ပြပေးစေလိုကြောင်းပြောကြား သည်။ ဆက်လက်၍ ကော်မတီဝင်များက မဏ္ဍပ်ဆောက်လုပ်ရေးနှင့် အခမ်းအနားပြင်ဆင်ရေး၊ ဘဏ္ဍာငွေရရှိရေး၊ သုံးစွဲရေးလုပ်ငန်းများ၊ အခမ်းအနားဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေး၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုမဏ္ဍပ်ဖွင့်ပွဲ၊ ပိတ်ပွဲနှင့် ဖျော်ဖြေရေးလုပ်ငန်းများ၊ ရေကစားမဏ္ဍပ်နှင့် စတုဒီသာကျွေးမွေးရေး၊ နှစ်ဦးဆွမ်း ဆက်ကပ်လှူဒါန်းမည့်ကိစ္စရပ်များ၊ သက်ကြီးပူဇော်ပွဲနှင့် အန္တရာယ်ကင်းပရိတ် ရွတ်ဖတ်ပွဲကျင်းပရေး လုပ်ငန်းများအလိုက် ရှင်းလင်းဆွေးနွေးတင်ပြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ရှင်းလင်းတင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)