မိုင်းရယ်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

မိုင်းရယ် ဧပြီ ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် ၂၀၂၄ ခုနှစ် ဧပြီ ၁၃ ရက်တွင် ကျရောက်မည့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ တက်ရောက်ကြသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းအောင်က မဟာသင်္ကြန်ပွဲတော်မဏ္ဍပ် ဆောက်လုပ်သွားမည့်နေရာ၊ အခမ်းအနားပြင်ဆင်ဆောင်ရွက်ရေး၊ နေရာချထားရေး၊ ဧည့်ခံကျွေးမွေးရေး၊ ယိမ်းအကများဖြင့် ဖျော်ဖြေရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ လုံခြုံရေးနှင့် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစားနိုင်ရေးတို့အတွက် သက်ဆိုင်ရာဌာနဆိုင်ရာများနှင် အသင်းအဖွဲ့များအလိုက် တာဝန်များခွဲဝေပေးခဲ့သည်။

မိုင်းရယ်မြို့တွင် မဟာသင်္ကြန်ပွဲတော်မဏ္ဍပ်ကို စိမ်းလဲ့ကန်သာရေကန်ဘေး (ယခင်နေရာ) တွင် ဆောက်လုပ်၍ စည်ကားစွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မိုင်းရယ်(ပြန်/ဆက်)