သဲကုန်းမြို့နယ်(အ.ထ.က သဲကုန်း)၌ အခြေခံအေရိုးဗစ်သင်တန်းဖွင့်လှစ်
Apr 02,2024
အခြေခံပညာဦးစီးဌာနနှင့်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ ကျန်းမာ၊ ကြံ့ခိုင်၊ သန်စွမ်းသော လူငယ်များ ပေါ်ထွန်းလာစေရန်၊ အားကစားကိုချစ်မြတ်နိုးတက်စေရန်နှင့် နွေရာသီကျောင်းပိတ်ရက်၌ အချိန်ကို အကျိုးရှိစွာကုန်ဆုံးစေရန်ရည်ရွယ်၍ ယမန်နေ့က ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(သဲကုန်း)၌ အခြေခံအေရိုးဗစ် သင်တန်းဖွင့်လှစ်ခဲ့သည်။