သတင်းများ

ဝမ်းတွင်းမြို့၌ မီးဘေးကြောင့် လုံးဝပျက်စီးသွားသော နေအိမ်ပိုင်ရှင်အား ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်
Apr 01,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၌ မီးဘေးကြောင့် လုံးဝပျက်စီးသွားသော နေအိမ်(၁)လုံးအတွက် အိမ်ပိုင်ရှင်အား ထောက်ပံ့ငွေနှင့် ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
ကဝမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူ
Apr 01,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ပြည်သူ့စစ်မူထမ်းဥပဒေဆိုင်ရာ အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူခြင်းကို ယနေ့နံနက် (၈) နာရီက လူစည်ကားရာနေရာဖြစ်သည့် ပဲခူး-ကဝလမ်းမကြီးဘေး၌ စိုက်ထူခဲ့သည်။
တံတားဦးမြို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းတွင် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်
Apr 01,2024
ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ တံတားဦးခရိုင် တံတားဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးနှင့် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် တံတားဦးမြို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပူးပေါင်းပြီး ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့ မြန်မာနိုင်ငံရပ်ဖွဲ့စခန်းတွင် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဆောင်ရွက်ကြောင်းသိရသည်။
လှည်းကူးမြို့နယ်၌ မြေစာရင်းဦးစီးဌာနမိသားစု ပရိတ်တရားတော်နာယူခြင်းနှင့် ဆိုင်းဘုတ်တင်ခြင်း အခမ်းအနားကျင်းပ
Apr 01,2024
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးခရိုင် လှည်းကူးမြို့နယ်တွင် မြေစာရင်းဦးစီးဌာနမိသားစု ပရိတ်တရားတော်နာယူခြင်းနှင့်ဆိုင်းဘုတ်တင်ခြင်း အခမ်းအနားကို ယနေ့နံနက် ၆ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
တိုက်ကြီးမြို့နယ်၌ မြေစာရင်းဦးစီးဌာနမိသားစု ပရိတ်တရားတော်နာယူခြင်းနှင့် ဆိုင်းဘုတ်တင်ခြင်း အခမ်းအနားကျင်းပ
Apr 01,2024
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် မြေစာရင်းဦးစီးဌာနမိသားစု ပရိတ်တရားတော်နာယူခြင်းနှင့်ဆိုင်းဘုတ်တင်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၆ နာရီခွဲက ကျင်းပကြောင်း သိရသည်။
ညောင်လေးပင်မြို့နယ်၌ ကလေးသူငယ်အလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲကျင်းပ
Apr 01,2024
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကလေးသူငယ်အလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ် ငါ့သရောက်မြို့၌ ရိုးရာအိုးလုပ်ငန်းလုပ်ကိုင်ရသည့် အိုးအမျိုးအစားများအနက် ထန်းဆွဲမြူအိုး အမြောက်အများ ရောင်းချနေ‌ရ
Apr 01,2024
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ တောင်ကုန်းရပ်တွင် ရိုးရာအိုးလုပ်ငန်းလုပ်ကိုင်နေပြီဖြစ်ရာ ထန်းဆွဲမြူအိုးအမြောက်အများ လုပ်ကိုင်ရောင်းချ နေရကြောင်း တောင်ကုန်းကျေးရွာ အိုးအမျိုးမျိုးလုပ်ငန်းလုပ်ကိုင်သူ ဦးနေလင်းထံက သိရသည်။
အင်းစိန်မြို့နယ်၌ ဇီဝဆိုင်ရာအချက်အလက်ကောက်ယူခြင်း၊ Unique ID ထုတ်ပေးခြင်းလုပ်ငန်းနှင့် သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အဦမှတ်တမ်းတင်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
Apr 01,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ဇီဝဆိုင်ရာအချက်အလက်ကောက်ယူခြင်း၊ Unique ID ထုတ်ပေးခြင်းလုပ်ငန်းနှင့် သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အဦမှတ်တမ်းတင်ခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက အင်းစိန်မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများမှ အဖွဲ့များခွဲ၍ နေ့စဉ်ဆောင်ရွက်လျက်ရှိသည်။