သဲကုန်းမြို့နယ်(အ.ထ.က သဲကုန်း)၌ အခြေခံအေရိုးဗစ်သင်တန်းဖွင့်လှစ်

သဲကုန်း ဧပြီ ၂

အခြေခံပညာဦးစီးဌာနနှင့်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ ​ကျန်းမာ၊ ကြံ့ခိုင်၊ သန်စွမ်းသော လူငယ်များ ပေါ်ထွန်းလာ​စေရန်၊ အားကစားကိုချစ်​​မြတ်နိုးတက်​စေရန်နှင့် နွေရာသီကျောင်းပိတ်ရက်၌ အချိန်ကို အကျိုးရှိစွာကုန်ဆုံးစေရန်ရည်ရွယ်၍ ယမန်နေ့က ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(သဲကုန်း)၌ အခြေခံအေရိုးဗစ် သင်တန်းဖွင့်လှစ်ခဲ့သည်။

အေရိုးဗစ်သင်တန်းအား မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနည်းပြ ဒေါ်နွေးနွေးခိုင်ဇင်က သင်တန်းသား၊ သင်တန်းသူများကို အေရိုးဗစ်ကကွက်များဖြင့် သင်ကြားပေးသည်။ 

သဲကုန်း​မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နွေရာသီ အားလပ်ရက်များတွင် အခြေခံအားကစား သင်တန်းများကို တက်ရောက်ခြင်းဖြင့် အားကစားကိုပိုမိုစိတ်ပါဝင်စားလာစေရန်၊၊ အချိန်ကိုအကျိုးရှိစွာ အသုံးပြုတက်စေရန်၊ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာပါတိုးတက်စေပြီး ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတော်အကျိုးပြုမည့် သားကောင်းရတနာ၊ သမီးကောင်းရတနာများပေါ်ထွန်းလာစေရန်၊ ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရသည်။

အခြေခံအေရိုးဗစ်သင်တန်းကို နံနက် ၈ နာရီမှ ၁၀ နာရီအထိ သင်တန်းသူ(၂၅)ဦးအား (၁၀)ရက်တာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုကျော် (ပြန်/ဆက်)