သတင်းများ

ကြံခင်းမြို့နယ်တွင် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန အမည်ဆိုင်းဘုတ်တင်ခြင်း အခမ်းအနားကျင်းပ
Apr 02,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနအမည်အား မူလအမည်ဖြစ်သော ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန အမည်သို့ ပြောင်းလဲ၍ ဆိုင်းဘုတ်တင်ခြင်းကို ​ ယမန်နေ့နံနက်ပိုင်းက အဆိုပါရုံးတွင်ကျင်းပပြုလုပ်သည်။
မြို့သစ်မြို့နယ်၌ စိုက်ပျိုးထားသည့်​ မေမြို့ပန်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Apr 02,2024
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ ဆင်ဖြူချီကျေးရွာတွင် မြေအောက်ရေဖြင့် မေမြို့ပန်းများ စိုက်ပျိုးထားရာ မေမြို့ပန်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး နေ့စဉ်ပုံမှန်ဝင်ငွေရရှိလျက်ရှိကြောင်း ပန်းစိုက်တောင်သူများထံမှ သိရသည်။
ပျဉ်းမနားမြို့နယ်၌ မြန်မာ့ရိုးရာအခြေခံသိုင်းသင်တန်း ဖွင့်လှစ်
Apr 02,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ရွာကောက်ရပ်ကွက် မဂ်လာဇေယျုံ(အ.လ.က)၌ မြို့နယ်အားကစားနှင့်ကာယကော်မတီမှ ဦးဆောင်၍ မြို့နယ်သိုင်းဆပ်ကော်မတီဖြင့် ကျင်းပပြုလုပ်သော နွေရာသီ မြန်မာ့ရိုးရာအခြေခံသိုင်းသင်တန်းကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်၌ ကလေးငယ်များအား ပုံမှန်တိုးချဲ့ ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေး
Apr 02,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကျန်းမာသန်စွမ်းပြီး ရောဂါဘယကင်းဝေးသော ကလေးငယ်ဖြစ်စေရန်အတွက် ယမန်နေ့က မြို့နယ်ပြည်သူ့ဆေးရုံနှင့် မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ထိုးနှံတိုက်ကျွေးကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ် ထေရဝါဒဗုဒ္ဓသာသနာပြု(မိုင်းဟန်)ကျောင်း၌ အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲကျင်းပ
Apr 02,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် မုန်းလိုက်အုပ်စု မိုင်းဟန်ကျေးရွာရှိ ထေရဝါဒဗုဒ္ဓသာသနာပြု(မိုင်းဟန်)ကျောင်းတွင် ယမန်နေ့က အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
ဟင်္သာတ မြို့နယ်တွင် အစိုးရဓမ္မာစရိယစာမေးပွဲ ဆက်လက်ဖြေဆို
Apr 02,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် မတ်လ ၂၈ ရက်နေ့မှစတင်၍ ဟင်္သာတမြို့၊ တာကလေးရပ်ကွက်၊ မိုးကောင်းပရိယတ္တိစာသင်တိုက်ရှိ အောင်ပြည့်ဖြိုးဦး ဗိမာန်တော်ကြီးတွင် ၂၀၂၄ ခုနှစ်၊ အစိုးရဓမ္မာစရိယ စာပေးပွဲကို နေ့လည် ၁၂ နာရီအချိန်မှ ညနေ ၃ နာရီ အချိန်ထိ ဖြေဆိုကျင်းပခဲ့သည်။
ဂွမြို့နယ်တွင် အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက်
Apr 02,2024
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဝန်ထမ်းများက မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် အသက်(၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်လျက်ရှိသည်။
စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (တတိယအကြိမ်) လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Apr 02,2024
စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (တတိယအကြိမ်) လုပ်ငန်းညှိနိုင်းအစည်းအဝေးကို ဧပြီလ ၁ ရက်နေ့၊ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ ကလေးခရိုင်၊ ကသာခရိုင် စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။