မြို့သစ် ဧပြီ ၂
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ ဆင်ဖြူချီကျေးရွာတွင် မြေအောက်ရေဖြင့် မေမြို့ပန်းများ စိုက်ပျိုးထားရာ မေမြို့ပန်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး နေ့စဉ်ပုံမှန်ဝင်ငွေရရှိလျက်ရှိကြောင်း ပန်းစိုက်တောင်သူများထံမှ သိရသည်။
မြို့သစ်မြို့နယ် ဆင်ဖြူချီကျေးရွာမှ တောင်သူများသည် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိကြပြီး မေမြို့ပန်းလည်း စိုက်ပျိုးအောင်မြင်ကာ ပန်းများကို မြို့သစ်မြို့မစျေးသို့ တင်ပို့ရောင်းချကြောင်း သိရသည်။
မေမြို့ပန်းစိုက်ပျိုးရာတွင် နွေ၊ မိုး၊ ဆောင်း ရာသီမရွေးရေလောင်းစိုက်ပျိုးနိုင်ကာ မြေဆီမြေသြဇာကိုလည်း အပြင်ကဝယ်ယူစရာမလိုဘဲ မိမိတို့အိမ်တွင် မွေးမြူထားသော နွားချေး၊ မကြီးရွက်မြေဆွေးများဖြင့် ရောစပ်စိုက်ပျိုးနိုင်ပြီး ယခုဆိုလျှင် မေမြို့ပန်းတစ်နေ့ရောင်းချ၍ ရသောငွေမှာ (၁၅၀၀၀)နှင့် (၂၀၀၀၀)ထိရရှိပြီး စျေးကို သွားရောက်ကာရောင်းချရန်မလိုဘဲ မိမိစိုက်ခင်းသို့ လာရောက်ဝယ်ယူကြောင်း မေမြို့ပန်းစိုက်ပျိုးသူထံက သိရသည်။
သန်းဝင်းထွန်း(ပြန်/ဆက်)