ပျဉ်းမနားမြို့နယ်၌ မြန်မာ့ရိုးရာအခြေခံသိုင်းသင်တန်း ဖွင့်လှစ်

ပျဉ်းမနား ဧပြီ ၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ရွာကောက်ရပ်ကွက် မဂ်လာဇေယျုံ(အ.လ.က)၌ မြို့နယ်အားကစားနှင့်ကာယကော်မတီမှ ဦးဆောင်၍ မြို့နယ်သိုင်းဆပ်ကော်မတီဖြင့် ကျင်းပပြုလုပ်သော နွေရာသီ မြန်မာ့ရိုးရာအခြေခံသိုင်းသင်တန်းကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

နွေရာသီမြန်မာ့သိုင်းသင်တန်းအား နည်းပြဆရာကြီးများဖြစ်သော ဦးကျော်ဝင်းမြင့်နှင့် ဦးအေးငြိမ်းနိုင်တို့က အခြေခံမြန်မာ့သိုင်းပညာများဖြစ်သည့် ခေါင်းလေးချက်၊ လက်သီးခြောက်ချက်၊ လက်ဝါးစောင်းခြောက်ချက်၊ လက်ဖနောင့်လေးချက်၊ လက်ဖျံရှစ်ချက်၊ တံတောင်ရှစ်ချက်၊ ဒူးလေးချက်၊ ခြေရှစ်ချက်၊ ယိမ်းယိုင်ဘယ်ညာနှစ်ချက်၊ လက်စုံ ၁၃ ချက်တို့ကို စနစ်တကျ အခမဲ့သင်ကြားပေးမည်ဖြစ်ပြီး အဆိုပါသင်တန်းသို့ ကျောင်းသား၊ ကျောင်းသူ ၅၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)