မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် လူရည်ချွန်စုရပ်စခန်း (အ.ထ.က-၁၆)တွင်  ရောက်ရှိနေသည့် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများအား နှုတ်ဆက်အားပေး

ချမ်းအေးသာစံ ဧပြီ ၂

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ဧပြီလ၂၁ရက် နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ လူရည်ချွန်စုရပ်စခန်း (အမှတ်၁၆၊ အခြေခံပညာအထက်တန်းကျောင်း)သို့ သွားရောက်ပြီး ကချင်ပြည်နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းမှ ရောက်ရှိနေသည့် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံခဲ့သည်။

ထိုသို့ရောက်ရှိစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများအား ရင်းနှီးနွေးထွေးစွာ လိုက်လံနှုတ်ဆက်ပြီး လူရည်ချွန်စခန်းတာဝန်ခံနှင့် တာဝန်ရှိသူများ၊ ကြီးကြပ်ဆရာဆရာမများက လူရည်ချွန်စုရပ်စခန်းသို့ ကချင်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းမှ လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများ ရောက်ရှိနေမှု၊  ဆက်လက်ရောက်ရှိလာမည့်အခြေအနေ၊ အိပ်ဆောင်များအတွင်း နေရာထိုင်ခင်းချထားပေးမှု၊ ကျန်းမာရေးကိစ္စများအပါအဝင် နေထိုင်စားသောက်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လူရည်ချွန်စုရပ်စခန်း၌ တည်းခိုနေထိုင်စဉ်အတွင်း လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများ၏ အစားအသောက်အပါအဝင် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များနှင့် သောက်သုံးရေလုံလောက်မှုရှိစေရေးတို့ကို အထူးအလေးထားဂရုစိုက်ဆောင်ရွက်ကြရန်တို့ကို တာဝန်ရှိသူများအား မှာကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကချင်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းမှ ရောက်ရှိနေသည့် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများကို ရင်းနှီးနွေးထွေးစွာနှုတ်ဆက်ပြီး ထောက်ပံ့ငွေများချီးမြှင့်ခဲ့ကြောင်းနှင့် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများအား နေရာချထားပေးသည့် အိပ်ဆောင်များအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်