ကျောက်ဆည် ဧပြီ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ အေးမြကြည်လင်ရပ်ကွက်၊ အောင်မင်္ဂလာဘုရားဝင်းတွင် ယမန်နေ့ နံနက် (၈)နာရီက ဆူးကုန်းရပ်ကွက် ဝိသုဒ္ဓါရာမ ပရိယတ္တိစာသင်တိုက်ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တကောဝိန္ဒာစာရ ဆရာတော်အမှူးပြု၍ ပင့်သံဃာ (၅၈)ပါးတို့အား ဆွမ်ဆန်စိမ်းနှင့် စာရေတံမဲဖောက်လောင်းလှူခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားကို “နမောတဿ”သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဆူးကုန်းရပ်ကွက် ဝိသုဒ္ဓါရာမ ပရိယတ္တိစာသင်တိုက်ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တကောဝိန္ဒာစာရထံမှ ငါးပါးသီလတရားခံယူဆောက်တည်ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး အလှူရှင်များက ပင့်သံဃာ (၅၈)ပါးအား ဆွမ်းဆန်စိမ်းများလောင်းလှူခဲ့ပြီး အေးမြကြည်လင်ရပ်ကွက်၊ အောင်မင်္ဂလာဘုရား ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သန်းနှင့် လူမှုရေးအဖွဲ့ဝင်များက ငွေကျပ် (၂၃)သိန်းကျော်အား စာရေးတံမဲဖောက်၍ လောင်းလှူခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)