ချောက် ဧပြီ ၂
တောင်တွင်းကြီးမြို့နယ် ဗိဿနိုးဒေသရှိ ရွှေရောင်တော်ဘုရားတွင် ရှင်အပါး (၅၀၀၀) ရှင်ပြုအလှူတော်အခမ်းအနားတွင် ချောက်မြို့နယ်မှ ရှင်အပါး (၂၅၀) သွားရောက်မည်ဖြစ်၍ အခမ်းအနားအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်က အဖွင့်အမှာစကားပြောကြားပြီး အစည်းအဝေးတွင် ကော်မတီအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များ၊ ဧပြီလ ၅ ရက်တွင် ရှင်အပါး (၂၅၀) ကြိုဆိုပို့ဆောင်ရေးအတွက် တာဝန်ခွဲဝေချထားမှု၊ ဧပြီ ၈ ရက်မှ ၉ ရက်နေ့များတွင် အာရုဏ်ဆွမ်း၊ နေ့ဆွမ်း ဆက်ကပ်ဆောင်ရွက်မည့် အစီအစဥ်နှင့် ဧပြီ ၁၁ မှ ၁၂ ထိ ရှင်အပါး (၂၅၀)အား ဆရာတော် ၅ ပါးမှ ယဉ်ကျေးလိမ္မာသင်တန်းပို့ချ၍ ဝေပုလ္လနှင့် အာရုဏ်ဆွမ်း၊ နေ့ဆွမ်းဆက်ကပ်မည့် အစီအစဉ်များအား ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)