သတင်းများ

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ၊ ဘဒ္ဒန္တဝဏ္ဏိတ၏ စံကျောင်းတော် ပင့်ဆောင်ခြင်းနှင့် အန္တိမဈာပန သာဓုကီဠန ပူဇာသဘင်အခမ်းအနားကျင်းပ
Apr 01,2024
မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊ မဟာဝိဇိတာရုံကျောင်းတိုက်၊ တိုက်အုပ်ဆရာတော်၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ(ရွှေကျင်)၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တဝဏ္ဏိတ (သက်တော် ၈၁ ၊ သိက္ခာတော် ၆၁ ဝါ)သည် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် (၃)ရက်၊ ၂၀၂၄ ခုနှစ် မတ် ၂၇ ရက် (ဗုဒ္ဓဟူးနေ့) နေ့လယ် ၂ နာရီ ၂၄ မိနစ်တွင် ဘဝနတ်ကျောင်း ရွှေ့ပြောင်းစံတော်မူခဲ့၍ မဟာ ဝိဇိတာရုံ ကျောင်းတိုက်ရှိ အဂ္ဂဂ္ဂါဘိဓဇရတနာကံကော်ကျောင်းတွင် ပူဇော်ထားရှိပြီး  မတ်လ(၃၁)ရက်နေ့တွင် စံကျောင်းတော်ပင့်ဆောင်ခြင်းနှင့် အန္တိမဈာပနသာဓုကီဠန ပူဇာသဘင်အခမ်းအနားကို ကျင်းပခဲ့သည်။
ဒိုက်ဦးမြို့နယ်၌ အမျိုးသမီးငယ်များအတွက် ကိုယ်လုံပညာသင်တန်းသင်ကြားပေး
Apr 01,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့က မြို့နယ်အမျိုးသမီးရေးရာအသင်းမှကြီးမှူးကျင်းပသော အမျိုးသမီးငယ်များအတွက် ကိုယ်လုံပညာသင်တန်းကိုသင်ကြားပေးလျက်ရှိ‌ကြောင်း သိရသည်။
ခိုလမ်တွင် ဌာနဆိုင်ရာရုံးများသို့ စာအုပ်၊ စာစောင်များ နယ်လှည့်ကွင်းဆင်း ငှားရမ်းပေး
Apr 01,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုဉာဏ်များ ရင့်သန်လာစေရန်၊ အမှားနှင့်အမှန် ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်သို့ မလာရောက်နိုင်သော စာပေချစ်မြတ်နိုးသူများအတွက် ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီခွဲအချိန်က ဌာနဆိုင်ရာရုံးများအရောက် စာအုပ်၊ စာစောင်များကို နယ်လှည့်ကွင်းဆင်းငှားရမ်းပေးခဲ့​သည်။
တပ်ကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် လူငယ်‌ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Apr 01,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၃) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်တို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး‌ဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပခဲ့သည်။
ရေအခက်အခဲဖြစ်နေသော စာသင်တိုက်သို့ မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ ရေလှူဒါန်း
Apr 01,2024
မန္တလေး၊ အောင်မြေသာစံမြို့နယ်ရှိ မြို့နယ်မီးသတ်နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် မြို့နယ်အတွင်းရှိ စာသင်တိုက်များမှ သံဃာတော်များ နွေရာသီကာလ သောက်သုံးရေ အခက်အခဲမရှိစေရေးအတွက် ယမန်နေ့ ညနေပိုင်းက သောက်သုံးရေများ လှူဒါန်းပေးခဲ့ကြသည်။
လက်ပံတန်းမြို့၌ (၉၈)ကြိမ်မြောက် မဟာဒုက် ဆွမ်းဆန်တော်လှူဒါန်း
Apr 01,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် (၉၈)ကြိမ်မြောက် မဟာဒုက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့နံနက် ၈ နာရီက လမ်းမတော်လမ်းတစ်လျှောက် စုပေါင်းလောင်းလှူခဲ့ကြကြောင်း သိရသည်။
မောက်မယ်မြို့နယ်၌ ရှေးမူမပျက် ရှမ်းရိုးရာရှင်ပြုနားသအလှူတော်မင်္ဂလာပွဲ ကျင်းပ
Apr 01,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ နွေဦးပွင့်လင်းရာသီတွင် ရှမ်းရိုးရာဓလေ့ထုံးတမ်းများနှင့်အညီ စျေးတန်းရပ်ကွက်ရှိ အလယ်ကျောင်းဆရာတော်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့မှကြီးမှူးကျင်းပသည့် ရှမ်းလူမျိုးတို့၏ဓလေ့အစဉ်အလာများနှင့်အတူ ရှမ်းရိုးရာ စုပေါင်းရှင်ပြုနားသအလှူတော်မင်္ဂလာပွဲများကို ကျေးရွာအလိုက်၊ ရပ်ကွက်အလိုက် ရှေးမူရှေးဓလေ့မပျက် နှစ်စဉ်တပေါင်းလဆန်းမှ တန်းခူးလအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။ 
ပင်းတယမြို့နယ်၌ နွေရာသီအခြေခံအင်္ဂလိပ်စာသင်တန်းဆင်းပွဲ ကျင်းပ
Apr 01,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီအခြေခံ အင်္ဂလိပ်စာသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ)ရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။