မန္တလေး ဧပြီ ၁
မန္တလေး၊ အောင်မြေသာစံမြို့နယ်ရှိ မြို့နယ်မီးသတ်နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် မြို့နယ်အတွင်းရှိ စာသင်တိုက်များမှ သံဃာတော်များ နွေရာသီကာလ သောက်သုံးရေ အခက်အခဲမရှိစေရေးအတွက် ယမန်နေ့ ညနေပိုင်းက သောက်သုံးရေများ လှူဒါန်းပေးခဲ့ကြသည်။
အောင်မြေသာစံမြို့နယ်မီးသတ်ဦးစီးမှူးနှင့်အဖွဲ့သည် အောင်မြေသာစံမြို့နယ်၊ သီရိမာလာအရှေ့ရပ်ကွက်၊ ၂၅ လမ်း၊ ၈၈×၈၉ လမ်းကြားရှိ သုပ္ပဋိပန္နစောခင်ဌေး ပရိယတ္တိစာသင်တိုက်တွင် စာသင်၊ စာချသံဃာတော် အပါး(၁၇၀)တို့ သောက်သုံးရေအဆင်ပြေစေရန် ရေသယ်ယာဉ် ၅ စီးဖြင့် ရေဂါလံ ၁၃၀၀၀ ကို သွားရောက်လှူဒါန်းကြကြောင်း သတင်းရရှိသည်။
မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)