ဒိုက်ဦး ဧပြီ ၁
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့က မြို့နယ်အမျိုးသမီးရေးရာအသင်းမှကြီးမှူးကျင်းပသော အမျိုးသမီးငယ်များအတွက် ကိုယ်လုံပညာသင်တန်းကိုသင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်း၌ သင်တန်းနည်းပြအဖြစ် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနဦးစီးအရာရှိဦးနေလင်းဦးက အမျိုးသမီးငယ်(၃၀)ဦးတို့အား သင်ကြားပေးလျက်ရှိသည်။
အဆိုပါသင်တန်းနှင့်ပတ်သက်၍ ရက်သတ်မှတ်ထားခြင်းမရှိဘဲ အစိုးရရုံးပိတ်ရက်များ၌အခါအားလျော်စွာ သင်ကြားပေးပါကြောင်း၊ အမျိုးသမီးများနှင့် အမျိုးသမီးငယ်ရွယ်များအား မိမိကိုယ်ကိုကာကွယ်တတ်စေရန်ရည်ရွယ်၍ ကိုယ်လုံသင်တန်းဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သင်းသင်းခိုင်က ပြောကြားခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)