လက်ပံတန်း ဧပြီ ၁
ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် (၉၈)ကြိမ်မြောက် မဟာဒုက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့နံနက် ၈ နာရီက လမ်းမတော်လမ်းတစ်လျှောက် စုပေါင်းလောင်းလှူခဲ့ကြကြောင်း သိရသည်။
အဆိုပါဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းအောင်နှင့် အဖွဲ့၀င်များ၊ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ အလှူရှင်များက လက်ပံတန်းမြို့နယ်အတွင်းရှိ ကျောင်းတိုက်ပေါင်း(၁၆၄)ကျောင်းရှိ သံဃာတော်နှင့်သီလရှင် အပါး ၄၀၀ ကျော်အား ဆွမ်းဆန်တော်နှင့်၀တ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)