တပ်ကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် လူငယ်‌ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

တပ်ကုန်း ဧပြီ ၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၃) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်တို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး‌ဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ လူထုအခြေပြုဗဟိုဌာန (Community  Centre)ခန်းမတွင် ကျင်းပခဲ့သည်။

ထိုဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က လူငယ်‌ရေးရာ အသိညာပေး‌ဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များနှင့် “လူငယ်နှင့်စာပေ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အမှတ်(၃)လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်မှ ရဲအုပ်ဟန်ဇော်က “လူကုန်ကူးမှုနှင့်လူမှောင်ခိုမှု” ခေါင်းစဉ်တို့ဖြင့် ဟောပြောခဲ့ကြောင်း သိရပြီး၊ အဆိုပါဟောပြောပွဲသို့ လူငယ်အမျိုးသား၊ အမျိုးသမီးစုစုပေါင်း ၅၀ ဦး တက်ရောက်‌ခဲ့ကြောင်း သိရသည်။

တပ်ကုန်း(ပြန်/ဆက်)