ဂွမြို့ ကမ်းသာယာရေမျက်တောင်၏တောင်ဘက် မ​ဒေါ့ကျောက်တောင်အနီး ကျောက်ပြင် ပေါ်တွင် ပေ ၅၀ ရှိ ဝေလငါးအသေတစ်ကောင်သောင်တင်

ဂွ ဧပြီ ၁

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် မတ်လ (၃၀) ရက်နေ့၌ လောင်းကျိုးကျေးရွာ၏ အနောက်မြောက် ဘက် (၁.၅) မိုင်ခန့်အကွာ၊ ကမ်းသာယာရေမျက်တောင်၏တောင်ဘက် (၁) မိုင်ခန့်အကွာ မ​ဒေါ့ကျောက်တောင်အနီး ကျောက်ပြင်ပေါ်တွင် အလျားပေ ၅၀၊ လုံးပတ်ပေ ၃၀ ခန့်ရှိ ဝေလ ငါးသေတစ်ကောင် သောင်တင်လျက်ရှိကြောင်း၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ တွေ့ရှိမှုအခြေအနေများအား မှတ်တမ်းတင်ဆောင်ရွက်ခဲ့ပြီး ယမန်နေ့က ထပ်မံကွင်းဆင်း၍ ဝေလငါးအသေအား နေရာရွှေ့ခြင်းများမဖြစ်ပေါ်စေရေး လိုအပ်သည်များကို ပြင်ဆင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဝေလငါးအသေမှာ ဝေလငါးပြာ (Balaenoptera musculus) အမျိုးအစားဖြစ်ကြောင်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ရွှေရည်ဝင်းကျော်