သံတောင်ကြီးမြို့တွင် ဇိုင်းယာန်းနှစ်ခြင်းအသင်းတော်လူငယ်များမှ နွေရာသီ Camp ရက်တိုသင်တန်းဖွင့်လှစ်

သံတောင်ကြီး ဧပြီ ၂၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့တွင် ဇိုင်းယာန်းနှစ်ခြင်းအသင်းတော်လူငယ်များမှ ဦးဆောင်၍ လူငယ်များအနေဖြင့် နွေရာသီအားလပ်ရက်များတွင် အသိပညာ၊ အတတ်ပညာများဖွံ့ဖြိုး တိုးတက်စေရန်၊ အားလပ်ချိန်ကို အကျိုးရှိစွာတန်ဖိုးထားတတ်စေရန်၊ အသိပညာဗဟုသုတတိုးပွားစေရန်အတွက် ဧပြီလ ၂၅ ရက်နေ့မှ ၂၈ ရက်နေ့အထိ ဇိုင်းယာန်းနှစ်ခြင်းဘုရားကျောင်းတွင် လူငယ်ရက်တို သင်တန်းဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် သမ္မာကျမ်းစာသင်ကြားပေးခြင်းအစီအစဉ်၊ ဂီတအစီအစဉ်၊ ကျန်းမာရေးအသိပညာပေးအစီအစဉ်၊ ခေါင်းဆောင်မှု၊ စိတ်ပညာ၊ စာရိတ္တ၊ ပြည်သူ့နီတိ ၊Special Talk၊ Praise and Worship သီဆိုမှု၊ ပန်းချီစာလုံးဖောက်၊ မိတ်ကပ်ပညာစည်တို့ကို သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသူ/ သင်တန်းသားများအနေဖြင့် မိမိကြိုက်နှစ်သက်သည့် အစီအစဉ်များတွင် တက်ရောက် နိုင်ကာသင်တန်းကာလကို ဧပြီလ(၂၆)ရက်မှ (၂၈) ရက်နေ့အထိ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း လူငယ်ဉက္ကဋ္ဌ ဦးစောဂေဒိုစိုးထံမှ သိရသည်။

နော်နော်မူ