မိုးကုတ်မြို့နယ်၊ ပတ္တမြားဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ကြက်ခြေနီ ရှေးဦးပြုစုခြင်း အခြေခံသင်တန်း (၃/၂၀၂၄) ဖွင့်လှစ်

မိုးကုတ် ဧပြီ ၂၇

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ် ကျပ်ပြင်အုပ်စု၊ အောင်နီလာရပ်ရှိ ပတ္တမြားဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ဧပြီလ (၂၅) ရက်နေ့ နံနက်  (၉) နာရီခွဲအချိန်က မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီရှေးဦးပြုစုခြင်းအခြေခံသင်တန်း (၃/၂၀၂၄) ကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မိုးကုတ်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့မှူးဒေါ်မြင့်မြင့်ဦးက အဖွင့်အမှာစကား ပြောကြားရာတွင်  ကြက်ခြေနီ၏အဓိပ္ပာယ်၊ ကြက်ခြေနီ အခြေခံမူ(၇)ချက်နှင့် ရှေးဦးပြုစုခြင်း အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ တပ်ဖွဲ့မှုးဦးဆောင်၍ ကြက်ခြေနီ နည်းပြဆရာ/ ဆရာမများ၊ လူငယ်ကြက်ခြေနီကော်မတီဝင် စေတနာ့လုပ်အားရှင်များက စေတနာ့ဝန်ထမ်း အကျိုးဆောင်ခြင်း၊ ရှေးဦးပြုစုခြင်းနှင့် လူနာတစ်ဦး အားတွေ့ရှိပါကဆန်းစစ်ရမည့်အချက်များစသည်တို့ကို သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကြက်ခြေနီ ရှေးဦးပြုစုခြင်းအခြေခံသင်တန်း (၃/၂၀၂၄) တွင် သင်တန်းသား/သူ စုစုပေါင်း (၃၀) ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှ ဧပြီလ (၂၅) ရက်နေ့မှ (၂၇) ရက်နေ့အထိ (၃) ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ကြည်ကြည်နွဲ့ (ပြန်/ဆက်)