၂၀၂၄ ခုနှစ်၊ ဧကာဒသမတန်း လူရည်ချွန်မောင်မယ်များ ငွေဆောင်မြို့သို့ ရောက်ရှိလာရာ ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများမှ လှိုက်လဲစွာကြိုဆို
Apr 28,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့သို့ အပန်းဖြေလေ့လာရေးခရီး လာရောက်ကြသည့် ၂၀၂၄ ခုနှစ်၊ ဧကာဒသမတန်း လူရည်ချွန်မောင်မယ်များသည် ယနေ့ ဧပြီလ ၂၇ ရက်နေ့တွင် ပုသိမ်မြို့မှ လူရည်ချွန်စခန်းရှိသည့် ငွေဆောင်မြို့သို့ ည (၁၉း၀၀)နာရီအချိန်တွင် ရောက်ရှိခဲ့ရာ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူလေးများ က မြို့ဝင်လူရည်ချွန်မုခ်ဦးနှင့် စခန်းဖွင့်ရာ ယမုံနာဦး ဟိုတယ်တို့မှ လှိုက်လဲစွာ ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သိရသည်။