ငါန်းဇွန်မြို့၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရ စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

ငါန်းဇွန် ဧပြီ ၂၇

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် ငါန်းဇွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္က ဦးမျိုးမင်းသိန်း (မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က)က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး မြို့နယ်စီမံကိန်းဦးစီးမှူး ဒေါ်ချိုဇင်ထိုက်က နိုင်ငံတော်၏ စီးပွားရေး မူဝါဒနှင့်အညီ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို ဦးစားပေး လုပ်ငန်းများအဖြစ် သတ်မှတ်၍ အခြေခံ အဆောက်အအုံများဖြစ်သည့် ဆည်မြောင်း၊ တာတမံများ ဆောက်လုပ်ခြင်း၊ ကျေးလက်ကုန်ထုတ်လမ်းများ ဖောက်လုပ်ခြင်းစသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ခြင်း၊ အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ထွန်းအားပေးခြင်း၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ခရီးသွား လုပ်ငန်းနှင့် အခြားဆက်စပ်ဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာစေခြင်းက မြို့နယ်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်လာစေရန် ရည်ရွယ်ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် စီမံကိန်း ရည်မှန်းချက်များအပေါ် အကောင်အထည်ဖော်နိုင်မှု အခြေအနေနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပါဝင်သည့် စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးတင်ပြခဲ့သည်။

ထို့နောက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် စီမံကိန်းနှင့် သက်ဆိုင်သော ဌာနဆိုင်ရာ အကြီးအကဲများထံ မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္က၊ အတွင်း ရေးမှူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ခဲ့ပြီး မြို့နယ်စီမံကိန်ုးရေးဆွဲ အကောင် အထည်ဖော်ရေး ကော်မတီဥက္ကက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။                      

သက်နောင်ဦး(ငါန်းဇွန်)