မုံရွာတက္ကသိုလ်၌ အမှုထမ်းသစ်များအား လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး အခြေခံကွန်ပျူတာသင်တန်း ဖွင့်လှစ်

မုံရွာ ဧပြီ ၂၇

မုံရွာတက္ကသိုလ်အတွက် အဆင့်မြင့်ပညာဦးစီးဌာနမှ ခန့်အပ်အမှုထမ်းသစ်များအား လုပ်ငန်းစွမ်းဆောင်ရည်များ မြင့်မားတိုးတက်လာစေရန်နှင့် လုပ်ငန်းဆောင်းရွက်ချက်များ လျင်မြန်သွက်လက်လွယ်ကူစေရန် ရည်ရွယ်ပြီး အခြေခံကွန်ပျူတာသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် (၉) နာရီက အဆိုပါတက္ကသိုလ်ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ ဖွင့်ပွဲအခမ်းအနားတွင် ဒုတိယပါမောက္ခချုပ် ဒေါက်တာသန်းသန်းဝင်းက အမှုထမ်းဝန်ထမ်းသစ်များ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် အခြေခံကွန်ပျူတာသင်တန်း ဖွင့်လှစ်ရခြင်းနှင့် စပ်လျဥ်ပြီး အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်ပြီး သင်တန်းနည်းပြဆရာဆရာမများနှင့် သင်တန်းသားသင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံအားပေးစကား ပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် မုံရွာတက္ကသိုလ်အတွက် အဆင့်မြင့်ပညာဦးစီးဌာနက ခန့်အပ်အမှုထမ်းဝန်ထမ်းသစ် (၃၀) ဦး အား (၂၆..၂၀၂၄) ရက်နေ့မှ  (၃၁..၂၀၂၄) ရက်နေ့ထိ သင်တန်းနည်းပြဆရာဆရာမ () ဦးက University Management, Academic Management, Financial Implementation, Administrative Management, Academic Affairs နှင့် ရုံးသုံးမြန်မာစာတို့ကို  စာတွေ့လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)